***ရခိုင့် ရာဇ၀င်ထဲက သျှင်မြ၀ါ***
****************************
မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သော သျှင်မြဝါအား ရည်မှန်းလျှက် ထိုဆရာမြတ်၏ အရိုးကို မြေအောက် ဌာပနာထားတော်မူလျှက် တောင်ထွဋ်တခုပေါ်၌ ကြီးစွာသော စေတီကြီးတဆူကို တည်ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာ တည်ထားခဲ့သဖြင့် ထိုတောင်ကို ယနေ့ထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်း ခေါ်တွင်သည်။ ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦး ဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုးမင်းနွယ်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌ လည်းကောင်း၊ မိဂတာဝုန်တောရှိ ဆရာဗိဿနိုးထံတွင် လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ ပြန်လာကာ မြောက်ဦးမြို့၏ မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။
သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင်နှင့် စောသန္တာ) တို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြ၀ါ၏မွေးဖွားခဲ့သောသက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနေ့၊ မိုးသောက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင်တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) တို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနေနေ့တွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကို တော်စပ်သည်။
မဟာပညာကျော်အမတ်၏ ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ်တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်တို့သည် ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေယျ) ဆရာတော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသသို့ သွားရောက်ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်တို့မှာကား ပညာသင်ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာကြသည်။
သျှင်မြဝါမှာမူကား မပြန်နိုင်သေးပဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောရှိ သီရိဗိဿနိုးရသေ့ကြီးထံတွင် ရသေ့ဘဝအဖြစ် ဝင်ရောက်ကာ ထပ်မံလျှက် ပညာသင်ကြားနေလေသည်။ သျှင်မြဝါမှာ အင်းအိုင်မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကို တတ်မြောက်ကာ ရသေ့အဝတ်ဖြင့် ရခိုင်ပြည် မြောက်ဦးမြို့တော်သို့ ပြန်ရောက်လာသည်။
မြို့တော်သို့ ပြန်ရောက်ပြီးသည့်နောက် တနေ့သောအခါ နန်းတော်ညီလာခံသို့ဝင်လေပြီးသော် မင်းဗာဘုရင်အား လက်ကိုင်တုတ်တော်ဖြင့် ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိန်းမလော၊ ငါကားအမှန် မိန်းမမြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာသွားသည်။ ဘုရင်မင်းမြတ်သည်လည်း အရှက်ရ၍ အမတ်အပေါင်းနှင့် တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ဆိုလိုရင်းစကား အကြောင်းရင်းကား ယောက်ျားပီပီ ဘေးလောင်းတော်များလက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသည့် ဘင်္ဂလားနယ်ကို ပြည်လည် တိုက်ခိုက်သိမ်းယူထိုက်ကြောင်း မဟာပညာကျော်အမတ်ကြီးက လျှောက်တင်လေသော် မင်းကြီးလည်း အားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များကိုစီမံစေကာ ကုန်းတပ်၊ ရေတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ ကျုံး၊ မြောင်း ခိုင်စွာတည်ဆောက်ပြီးစီးပြီးသော် ရေတပ်ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလပညာရှိအား ကြည်းတပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။
ထိုအခါ သျှင်မြဝါလည်း ဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစေကာ စီမံပေးလေသဖြင့် လူတဦးတယောက်မျှ မသေကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူ အောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလေသဖြင့် အနောက်မိဖုရားအဖြစ် မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော်စေ့ဘုရား) စေတီတော်တဆူ တည်တော်မူသည်ဟူ၏။
မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးအကျိုး၊ အပျက်အစီးများမှ ရရှိသော ဘုရားရဟန္တာတို့၏ ဓာတ်တော်သျှစ်သောင်းကို ရွှေ၊ ငွေ၊ ပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော်၌ထည့်လျှက် ရခိုင်ပြည် မြောက်ဦးနန်းတော်သို့ ဆောင်ယူလာပြီးလျှင် နန်းတော်အတွင်း ဘုရားနန်းပြဿဒ်ဆောင်ဖြင့် ကိုးကွယ်ထားရှိသည်။ မကြာမှီ ဓာတ်တော်များ ကွန့်မြူး၍ နန်းမီးလောင်သကဲ့သို့ လူများစွာတို့သည် အဝေးကမြင်ကြရ၍ ဟိုးဟိုးကျော်ကျော် ဖြစ်ကုန်သည်။ သို့နှင့် ဆရာကြီးသျှင်မြဝါ၏ အစီအမံဖြင့် နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်းသော ဓာတ်မွေတော်တို့အား ဌာပနာ၍ ကြီးစွာသောပုထိုးတော်ကြီးတဆူ တည်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်သည်။
ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာ ရည်ရွယ်လျှက် အတိတ်နိမိတ်ခန်းတို့အား တွက်ချက်၍ ဓာတ်လား ဓာတ်လာသင့်စေပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတေးနံတစ်ခု လတ်တလောလိုနေသဖြင့် ရှာဖွေလျှင် ကြန့်ကြာမည်ဖြစ်သောကြောင့် ငါပင်လျှင် (ကြသပတေးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန်ချာတိုင်တွင် ရစ်ပတ်စေပြီးသော် ငါ့အား (သေဆုံးသည့်နေရာ၌ပင် မြှပ်ကုန်လော့) ဟု မိန့်မှာလျှက် သေဆုံးသွားသည်။
ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွေး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင်ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သဂြုလ်သောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီးခြင်းသို့ရောက်ရသည်ဟု ဆိုစမှတ်ပြုလေသည်။
ဆရာကြီးသျှင်မြဝါ သေဆုံးသွားသောနေရာမှာ (မြို့ကွန်ချာတိုင် စိုက်ထူရာ မြင့်မြတ်သောမြေ၊ ယခုအခါ ရွှေဂူတောင်ရွာထဲတွင်ရှိသည်။ ထိုနေရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားရှိသည်။ ၎င်းအပြင် သျှင်မြဝါ၏ ရုပ်ထုကိုလည်း ထုဖော်ထားရှိသည်။
ထိုနေရာ၏ မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။
========================================
kyawkyawhlaing
တောင်ငူမင်းသည် ဟံသာဝတီတစ်မြို့လုံးကိုရလျှင် မင်းရာဇာကြီးထံသို့ အထူးထူးသောပုဆိုးကောင်း၊ ခါသာ၊ မိုင်းလုံ ရွှေဖျင်၊ မုန့်၊ ယို၊ သနပ်များစွာကို လူသုံးထောင်အားကိုင်စေ၍ မင်းညီမင်းသား၊ မင်းမှူးမင်းမတ်အပေါင်းကြပ်မတ်စေလျက်ပို့သည်။ ထို့နောက် ဆင်ဖြူတစ်စီးနှင့် ဟံသာဝတီဘုရင့်သမီးတော် မင်းသမီး ခင်မနှောင်းကို မိဖုရားကြီးအဆောင်အယောင်နှင့်တကွ အထိန်း အချီးကတော် လေးယောက်၊ ကိုယ်လုပ်တော် သုံးကျိပ်ပေး၍ ဝေါနှင့် မင်းရာဇာကြီးထံဆက်သသည်။
ထိုအချိန်၌ အယုဒ္ဓယမင်းက ဟံသာဝတီကိုတိုက်မည်ဟု စစ်ချီလာကြောင်းကြားသိသော မင်းရာဇာကြီးသည် ဟံသာဝတီ ရွှေနန်းတော်ကစ၍ ကျောင်းကြီး၊ အိမ်ကြီး၊ ကျီကြီးရှိသမျှကို မီးတိုက်၍ မီးငြိမ်းလျှင် သံထည်ဟူသမျှကိုယူ၍ ဓည၀တီသို့ပို့သည်။ အနောက်ဘက်သို့သွားလိုသည့် ဘုန်းကြီးများကိုလည်း ရုပ်တု၊ ပိဋကတ်ကျမ်းဂန်တို့နှင့်တကွလှေနှင့်ပို့သည်။ မင်းရာဇာက အလုံး အရင်းနှင့်တောမှနေ၍ အယုဒ္ဓယမင်းထံပို့သောရိက္ခာများကို ဆီးကြိုတိုက်သည်။ ရိက္ခာများ အယုဒ္ဓယမင်းထံမရောက်နိုင်၍ အယုဒ္ဓယ တပ်တို့ငတ်မွတ်ကုန်ကြရာ တစ်လကျော်ခန့်ရှိလျှင် ရိက္ခာပြတ်သည်နှင့် ၁၆၀၀ ပြည့်နှစ်၊ ဧပြီလတွင်း၌ အယုဒ္ဓယသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။ ထိုအခါမှ မင်းရာဇာကြီးသည် ဓည၀တီသို့ပြန်ကာ ခင်မနှောင်းကိုဘိသိက်သွန်း၍ မိဖုရား မြှောက်ကာ ဒိုင်းစု၊ သင်းစု၊ မြင်းစု များစွာပေးသည်။
ထိုအခါမှစ၍ တောင်ငူမင်းက ဓည၀တီမင်းအားတူတော်၊ ဓည၀တီမင်းက တောင်ငူမင်းအား ဦးရီးတော်ဟူသောအခေါ်အဝေါ် ပြုကြသည်။ နောင်အခါ မင်းနှစ်ပါးစေလွှတ်သည့် သံတမန်တို့အား လမ်းခရီးတွင်ရှိသည့် လူဆိုးလူသွမ်းတို့က လုယက်ကြသည်ကိုကြား သိလျှင် ဓည၀တီမင်းက လူသုံးရာကျော်ခန့်ကို လက်နက်ကိရိယာ ဖြင့်တပ်ဆင်ပေးလျက် တောင်ငူမင်းထံ “ကေတုမတီနှင့် ဓည၀တီ ကြားတွင် လူပြေး၊ လူပုန်းတို့ဖျက်ဆီးလုယူသောကြောင့် သံတမန်၊ အစေအပါးမရောက်နိုင်ရှိရသည်။ ကျွန်ုပ်က အလုံးအရင်းနှင့် သန်လျင်မြို့တွင်နေမှ နှစ်ပြည်ထောင် သံတမန်အရောက်အပေါက် လွယ်၍ ရွှေတစ်ပြားတည်းကဲ့သို့ဖြစ်မည်” စာပို့သည်။ တောင်ငူမင်း ကလည်း သန်လျင်တွင်အခိုင်အလုံနေမှ သံတမန်အရောင်းအ၀ယ် သွားလာသာမည်အကြံတော်ရှိ၍ ““တူတော်က အလုံးအရင်းနှင့် သန်လျင်တွင်နေစေ”” ဟုမှာသည်။
မင်းရာဇာကြီးက ပေါ်တူဂီ ဘရင်ဂျီ ငဇင်ကာကို သင်္ဘော သုံးစင်း၊ လွန်းကြင်လှေတစ်ရာကျော်၊ လူနှစ်ထောင်ခန့်နှင့် သန်လျင် တွင် အခိုင်အမာနေစေသည်။ ငဇင်ကာသည် တောင်ငူမင်းနှင့် ဓည၀တီမင်းတို့အား လက်ဆောင်မပြတ်ဆက်သပြီး မုတ္တမစား ဗညားဒလနှင့်လည်းအရောင်းအ၀ယ်ပြုကာ လက်ဆောင်ပဏ္ဏာ ပို့ဆက်၍ အဆွေခင်ပွန်းဖွဲ့သည်။ ဗညားဒလ၏သား ဗညားနွယ်အား မိမိ၏ သမီးနှင့်ထိမ်းမြားလျက် ခမည်းခမက်ဖွဲ့ကြသည်။ ၁၆၀၃ ခုနှစ်၌ တောင်ငူကိုရော ဓည၀တီကိုပါ မကျိုးမနွံပြု၍ လက်ဆောင် မဆက်ဘဲနေရုံမက ထိုနှစ်ပြည်အရောင်းအ၀ယ်ပြုသူတို့အား လမ်း ခရီးမှနေ၍ ချုပ်ထားလေသည်။
ထိုအကြောင်းများကြောင့် ဓည၀တီမှတပ်များ၊ တောင်ငူမှ တပ်များ သန်လျင်ကိုတိုက်ရန်ချီတက်လာကြသည်။ ဓည၀တီတပ်ကို ဥပရာဇာကိုယ်တိုင်ဦးဆောင်လာသည်။ ငဇင်ကာလည်း ဂိုအာသို့ ထွက်ပြေးမည့်အကြံနှင့် မန်အလွဲအရပ်သို့ သင်္ဘောများနှင့်ထွက် လာပြီး မပြေးသာသည်နှင့် ကျောက်ဆူးချ၍ ပြောင်းသေနတ်တို့ဖြင့် ခုခံသည်။ တောင်ငူတပ်များ မကော်အရပ်သို့ရောက်ပြီး သန်လျင်သို့ မရောက်လာမီ ဓည၀တီဥပရာဇာတပ်ပျက်၍ ဥပရာဇာကို ငဇင်ကာ ရသွားသည်။ မင်းရာဇာကြီးလည်း သားတော်ကို ရန်သူရသွားကြောင်း ကြားသိလျှင် တိုက်လှေသုံးရာကျော်နှင့် ကိုယ်တော်တိုင်ချီလာကာ တောင်ငူအိမ်ရှေ့မင်းနှင့်ပေါင်းစည်းကာ သန်လျင်ကိုဝန်းရံသည်။ ငဇင်ကာက အလျှော့မပေးဘဲ မြို့ကိုသာအခိုင်အမာပြု၍နေသည်။ အချိန်ကြာမြင့်စွာဝန်းရံသော်လည်း အညံ့မခံဘဲ ကြံ့ကြံ့ခံနေသဖြင့် ဥပရာဇာကိုပေးအပ်ရန်တောင်းခံသည်။ ငဇင်ကာက ““မလေးမစား ငါတို့ကျွန်ဟူ၍မဆိုနှင့်၊ ပြည်ထောင်ချင်းမင်းဟူ၍ဆို၊ ယင်းသို့ဆိုမှ ဥပရာဇာကိုငါပေးမည်”” ဟူ၍တုံ့ပြန်သည်။ ဓည၀တီမင်းနှင့် တောင်ငူအိမ်ရှေ့မင်းတို့လည်း ငဇင်ကာသည် မုတ္တမဗညားဒလနှင့် ခမည်းခမက်ဖြစ်ကြသောကြောင့် ဤမျှတင်းမာနေသည်ကို သိကြ သော်လည်း ငဇင်ကာအလိုကိုလိုက်ရသည်။ အရေးစကားပြောပြီး နောက် ““နောက်နောင် သန်လျင်မြို့ကိုမလုပ်ကြံပြီ”” ဟု မင်းနှစ်ပါး ကတိပြုမှ ငဇင်ကာက ဥပရာဇာကိုပို့လာသည်။ ဥပရာဇာကိုရလျှင် မင်းနှစ်ပါးလည်း လက်ဆောင်လဲလှယ်ကာ မိမိတို့ပြည်ထောင် မိမိတို့ပြန်ကြရသည်။
နောက်ပိုင်း၌ ငဇင်ကာသည် ပုသိမ်သင်္ဘောဆိပ်၊ ဒလ သင်္ဘောဆိပ်တို့ကိုပါ လက်ဝါးကြီးအုပ်၍ အရောင်းအ၀ယ်ကို ထိန်းချုပ်ထားရုံမက စေတီပုထိုးတို့၏ဋ္ဌာပနာကိုဖောက်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မင်းရာဇာကြီးမှာ သားတော်အား ငဲ့ကွက်၍ ငဇင်ကာအားအလျှော့ပေးခဲ့ရပြီးနောက် ၁၆၀၅ ခုနှစ်၌ သားတော်မင်းခမောင်းသည် သံတွဲမှနေ၍ ပုန်ကန်သည်နှင့် တွေ့ကြုံရသည်။ မင်းရာဇာကြီးက တပ်များနှင့်နှိမ်နင်းပြီး သားတော်အား အပြစ်ပေးမည့်ဆဲဆဲ၌ ကွယ်လွန်သွားပြီဖြစ်သည့် မဟာပညာကျော်၏သား ပညာဝံသအမတ်က တောင်းပန်သဖြင့် အသက်ဘေးမှချမ်းသာခွင့်ပေးလိုက်သည်။ မင်းရာဇာကြီးသည် မြောက်ဦးမြို့တော် အနောက်ဘက်၊ ရွှေဆည်ဝကမ်းထိပ်အနီးမှ ရရှိသည့်ဆင်းတုတော်ကို ထိုနေရာတွင်ပင် မဟာရံတံတိုင်းနှင့်တကွ သိမ်ကျောင်းဆောက်လုပ်ကိုးကွယ်တည်ထားသည်။ သီဟိုဠ်ကျွန်းနှင့် လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ နောင်အခါ အင်းဝတွင်စိုးစံသည့် ဓမ္မရာဇာနှင့် သံခင်းတမန်ခင်းဆောင်ရွက်ခဲ့ကြောင်းကို ထိုအကြောင်းတွင်ဆိုပါမည်။ ၁၆၁၂ ခုနှစ်၌ မင်းရာဇာကြီး နတ်ရွာ စံ၍ သားတော်မင်းခမောင်းက နရာဓိပတိဝရဓမ္မရာဇာ ဘွဲ့ခံလျက် နန်းတက်ပါသည်။
ဓည၀တီမင်းတို့၏ ခေါင်းဆောင်မှုစွမ်းရည်ကိုလေ့လာခြင်း
၁။ မင်းပါကြီးသည် ယခင်ဓည၀တီမင်းများ ဆုံးရှုံးခဲ့ရသည့် နယ်ပယ်များကို ပြန်ရအောင်စွမ်းဆောင်နိုင်သူဖြစ်၍ လက်ရုံးရည်နှလုံးရည်ပြည့်စုံသော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။
၂။ မင်းပါကြီးနှင့်မင်းပါကြီး၏သားတော် တိက္ခာမင်းတို့သည် တပင်ရွှေထီးမှစ၍ ဘုရင့်နောင်မင်းတရားကြီးတိုင်အောင် မဟာမိတ်ပြုနိုင်ခဲ့ကြပါသည်။ ဓည၀တီနှင့် တောင်ငူ မဟာမိတ်ခိုင်မြဲအောင်စွမ်းဆောင်နိုင်ခဲ့သည့်မင်းပါကြီးနှင့် မင်းပါကြီး၏သားတော် တိက္ခာမင်းတို့၏ အမြော်အမြင် ကြီးမှုကိုလေးစားမိပါသည်။
၃။ မင်းပါကြီး၏သားအထွေး မင်းဖလောင်းသည် စစ်ခင်း ခြင်းမပြု၊ သာသနာကိုသာဦးတည်ချီးမြှောက်ကာ ဓည၀တီ ကို အခိုင်အလုံပြု၍နေသည်ကိုကြည့်လျှင် သာမန်မင်း တစ်ပါးဟုသာ ထင်စရာရှိပါသည်။ စာရေးသူကတော့ မိမိအားသာချက်၊ အားနည်းချက်ကိုသိသော ခေါင်းဆောင် တစ်ယောက်ဟုချီးမွမ်းလိုပါသည်။ စစ်မက်မခင်း၍လည်း မင်းဖလောင်းလက်ထက်တွင် ဓည၀တီသည် အေးအေး ချမ်းချမ်းဖြင့် စီးပွားရေးတိုးတက်ခဲ့ခြင်းဖြစ်သည်။
၎။ မင်းရာဇာကြီးမှာ အခွင့်အရေးကို မြင်တတ်သူ၊ အသုံးချ တတ်သူအဖြစ်မှတ်သားမိပါသည်။ သို့ရာတွင် ဟံသာဝတီ ကိုမီးတိုက်ခြင်း၊ ပေါ်တူကီငဇင်ကာကို နေရာပေးခဲ့ခြင်းတို့ သည် သမိုင်းတွင် အစွန်းအထင်းဖြင့် ကျန်ခဲ့သည်မှာတော့ ၀မ်းနည်းဖွယ်ရာဖြစ်ပါသည်။
ကျမ်းကိုးစာရင်း
၁။ မှန်နန်းမဟာရာဇ၀င်တော်ကြီး
၂။ ရခိုင်ရာဇ၀င် (ဦးအောင်သာဦး)
၃။ The land of the Great Image (Maurice Collis)
၎။ မြန်မာမင်းများအရေးတော်ပုံ ၆စောင်တွဲ
၅။ ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒုတိယတွဲ) (စန္ဒမာလာလင်္ကာရ)
၆။ Arakan History (Abu Aaneen)
၁၆ ရာစု ဓညဝတီမင်းတို့၏ ခေါင်းဆောင်မှုကို လေ့လာခြင်း
=================================
ရေးသူ-ဦးကျော်ကျော်လှိုင် (SMART)
#kyawkyawhlaing
၁၆ ရာစု ဒုတိယနှစ်ဆယ့်ငါးနှစ်အစဦးမှစ၍ တောင်ငူတွင် တပင် ရွှေထီး၊ ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ၊ အင်းဝတွင် သိုဟန် ဘွား၊ ထိုေ
နာက် အုန်းဘောင်ခုံမှိုင်းတို့ အသီးသီးအုပ်ချုပ်လျက်ရှိရာ အနောက်ဘက်ကမ်းရိုးတန်းဓညဝတီတွင် မင်းပါကြီးအုပ်ချုပ်လျက် ရှိသည်။ အိမ်နီး
နားချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ထိုအချိန် အခါက ဒေလီကိုဗဟိုပြု၍ မဟာမေဒင်မင်းတို့ စိုးမိုးလျက်ရှိကြသည်။
မင်းပါကြီးသည် ယခင်မင်းများလက်ထက်က မဟာမေဒင် တို့အားဆုံးရှုံးခဲ့ရသည့် ဘင်္ဂါ ၁၂ မြို့ကိုပြန်လည်ရယူလိုသည်နှင့် ၁၅၃၂ နို
ဝင်ဘာလ၌ ကြည်းတပ်၊ ရေတပ်ပြင်ဆင်လျက် အိန္ဒိယ ဘက်သို့ချီတက်ကာ စစ်တကောင်း (Chittagong) နှင့် ဒါဂါမြို့ (Dacca) တို့ကိုသိမ်းယူ
သည်။ ဒါဂါမြို့ဝယ်တပ်ခွဲထားပြီး ဒေလီ မင်းထံ ဘင်္ဂါ ၁၂ မြို့ကို အသာအကြည်ပြန်လည်ပေးအပ်ရန်၊ ထိုသို့ ပေးအပ်လျှင် မောက်သူဇာ (Cox
Bazaar) အထိသာသိမ်းယူမည်၊ စစ်ပြိုင်လျှင် ဒေလီအထိချီတက်လာမည်ဖြစ်ကြောင်းကို သဝဏ်လွှာ ပေးပို့သည်။ ဒေလီမင်းက ဘင်္ဂါ ၁၂ မြို့ကို
ပြန်လည်ပေးအပ်ခဲ့၍ နောက်တစ်နှစ်မေလ၌ ပြန်ခဲ့သည်။
အိန္ဒိယပြည်ဂိုအာကမ်းခြေကိုသိမ်းယူထားသည့် ပေါ်တူဂီ တို့သည် ၁၅၃၇ ခု၌ နယ်မြေရလိုမှုဖြင့် ဓညဝတီကို လာရောက် တိုက်ခို
က်ကြရာ မင်းပါကြီး၏ရေကြောင်းစစ်သည်များက ဝါးဖောင် ကြီးများဖွဲ့၍ ကောက်ရိုးများကို လူရုပ်ပြုလုပ်ကာ ယမ်းအိုးများမြှုပ် လျက် ပေါ်တူ
ဂီသင်္ဘောများရှိရာသို့ ရေကျနှင့်မျှောလိုက်ကြသည်။ ပေါ်တူဂီတို့က စစ်ချီလာပြီအမှတ်နှင့် သေနတ်အမြောက်ပစ်ခတ် တိုက်ခိုက်ရာ ယမ်းအိုးများ
ပေါက်ကွဲမီးလောင်ကုန်သဖြင့် ပေါ်တူဂီ သင်္ဘောများကိုမီးစွဲလောင်လေသည်။ မီးဘေးမှလွတ်သည့် ကျန် သင်္ဘောတို့က ပင်လယ်သို့ဆုတ်ခွာ
ထွက်ပြေးကြရသည့်အခါ ဓညဝတီ ရေတပ်က လိုက်လံတိုက်ခိုက်ကြသဖြင့် ဖရိုဖရဲဖြစ်သွားပြီး အနိုင်နိုင် ရုန်းထွက်ကြရသည်။
၁၅၄၁ ခု၌ တောင်ငူမှတပ်တို့က သံတွဲမြို့ကိုထိပါးလာရာ ရွပ်ရွပ်ချွံချွံခုခံသည်နှင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဓညဝတီ မှတ်တမ်
းတို့တွင်ဆိုထားသည်။ ဆက်လက်၍ တပင်ရွှေထီး ကိုယ်တော်တိုင်ချီတက်လာပြီး တိုက်ခိုက်သော်လည်းမရရှိဘဲ မဟာ မိတ်ပြုလိုကြောင်းစ
ကားဆိုသည်နှင့် မင်းပါကြီးကလက်ခံကြောင်း၊ မင်းပါကြီး၏အမတ် ပညာရှိမဟာပညာကျော်နှင့် စကားဆိုကြောင်း ဆိုထားသည်။ စာဟောင်းတို
႔တွင်ကား ၁၅၄၅ ခု၌ မင်းပါကြီး နတ်ရွာစံ၍ သားတော်တိက္ခာမင်းဆက်ခံသည့်အခါ သံတွဲစား မင်းအောင်လှက ဓညဝတီမင်းအားမကျိုးမနွံဘဲ
ဟံသာဝတီ တပင် ရွှေထီးထံ စစ်ကူတောင်းသည်ဟုတွေ့ရသည်။ ထိုအခါ ဓညဝတီက သံတွဲကိုသိမ်းပိုက်လိုက်၍ တပင်ရွှေထီးကိုယ်တော်တို
င်ချီတက်၍ သံတွဲကိုအောင်မြင်သည့်အခါ ဓညဝတီမင်းက မဟာမိတ်ပြု လိုကြောင်း သံဃာလေးပါးကိုစေလွှတ်လာသည်ဟုဆိုသည်။ တပင် ေ
ရွှထီးကလက်ခံ၍ ၁၅၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ နေပြည်တော်သို့ ပြန်သည်ဟုတွေ့ရသည်။ မည်သို့ဆိုစေကာမူ ဟံသာဝတီနှင့်ဓညဝတီ တို့မဟာ
မိတ်ဖြစ်ကြသည်မှာကား ထင်ရှားပါသည်။
မင်းပါကြီးရှိစဉ်က ရှစ်သောင်းစေတီတည်၍ သားတော် တိက္ခာမင်းက မြို့၏အရှေ့မြောက်ယွန်းတွင်ကိုးသောင်းစေတီတည် သဖြင့်
ထိုဒေသဝယ် ယခုတိုင်အောင် “အဘရှစ်သောင်း၊ သားကိုး သောင်း” ဟုဆိုစမှတ်ပြုကြသည်။ ၁၅၅၆ ခုနှစ်၌ တိက္ခာမင်းကို သားတော်မင်းစော
လှကနန်းဆက်ခံသည့်အခါ ဟံသာဝတီတွင် ဘုရင့်နောင်စိုးစံချိန်ဖြစ်သည်။ မင်းစောလှသည် မဟာမုနိ တန်ဆောင်းကြီးကိုအသစ်မွမ်းမံ၍ ၁၅၆၁
ခုနှစ်၌ ဒုက္ကသိန်နှင့်တကွ ကျောင်းတိုက်ကြီးများဆောက်လုပ်လှူဒါန်းသည်။ ဘုရင့်နောင် မင်းတရားကြီးသည် တပင်ရွှေထီးလက်ထက်က ဓည
ဝတီနှင့် မဟာမိတ်ပြုထားခြင်းကို ဆက်ခံထိန်းသိမ်းထားလိုသဖြင့် ဒုတိယ မြန်မာနိုင်ငံတော်တည်ထောင်ရာတွင် ဓညဝတီကိုချီတက်ခြင်း မပြု
ခဲ့ဟန်တူသည်။
၁၅၇၁ ခုနှစ်၌ မင်းပါကြီး၏သားအထွေး မင်းဖလောင်း သည် ဓညဝတီတွင်နန်းတက်လာသည်။ ပတ်ဝန်းကျင်မြို့ရွာတို့က သစ္စာခံကြ၍
ဓညဝတီမှာငြိမ်းငြိမ်းချမ်းချမ်းရှိကာ စီးပွားရေးလည်း တိုးတက်မှုရှိလာသည်။ ဟံသာဝတီလက်အောက်ခံမော်ဖီက ပုန်ကန်၍ ဘုရင့်နောင်တပ်တို့နှ
ိမ်နင်းရစဉ် ထိုမှလူအချို့သည် ပြည်၊ တောင်ငူသို့ဝင်ရောက်ခိုလှုံသည့်နည်းတူ ဓညဝတီသို့လည်း ခိုလှုံ လာကြသည်။ မင်းဖလောင်းသည် ဓည
ဝတီကိုအခိုင်အလုံပြု၍သာ နေပြီး သာသနာကိုသာဦးတည်ချီးမြှောက်ကာ စစ်မက်ခင်းကျင်း မှုကားမရှိခဲ့ချေ။
မင်းဖလောင်းနတ်ရွာစံလျှင် ၁၅၉၃ ခုနှစ်၌ အိမ်ရှေ့မင်း သတိုးဓမ္မရာဇာသည် ခမည်းတော်အရိုက်အရာကိုဆက်ခံသည်။ ဘိသိက်ခံ
သည့်အခါ မင်းရာဇာဟူသောဘွဲ့ကိုခံယူသည်။ ထိုအချိန်၌ ဟံသာဝတီတွင် နန္ဒဘုရင်မှာ တန်ခိုးအာဏာလျော့ပါးလာချိန်ဖြစ် သည်။ ၁၅၉၅ ခု၌
မင်းရာဇာ၏ညီတော် စစ်တကောင်းစား ပုန်ကန် ခြားနား၍ မင်းရာဇာကနှိမ်နင်းပြီး ပညာရှိမဟာပညာကျော်အား စစ်တကောင်းကိုစားစေသည်။
မဟာပညာကျော်၏သား ကျီးညို အား ရောင်ဖြူမြို့ကိုလည်းကောင်း၊ သားတစ်ဦးဖြစ်သူ ဒီဃအား မောက်သူဇာမြို့ကို စားစေသည်။
၁၅၉၇ ခုနှစ်၌ တောင်ငူမင်းရဲကျော်ထင်သည် နောင်တော် ဟံသာဝတီမင်းကိုလုပ်ကြံလိုသဖြင့် မင်းရာဇာကြီးထံသို့ လက်ဆောင် ပဏ
ၰာများဖြင့် ကြည်တောင်စားနှင့် ကင်းသာစားတို့ကို သံစေလွှတ် စစ်ကူတောင်းလာသည်။ မင်းရာဇာကြီးက ““ဟံသာဝတီ ပြည်ကြီး သည် တိုင်
းကားနိုင်ငံကျယ်၍ ဆင်မြင်းဗိုလ်ပါ များလှသည်။ မှူးကောင်းမတ်ကောင်းလည်းများသည်။ ယင်းတို့ကိုပင်လုပ်ကြံ၍ ဖြစ်နိုင်ချိမ့်မည်လော”” ဟုမိန်
႔လျှင် သံတို့က ““ဆင်ဖြူဆင်နီများသခင် ဘ၀ရှင်မင်းတရားကြီးဘုရား (ဘုရင့်နောင်ကိုဆိုလိုသည်) ရှိတော်မူ သည့်ကာလ တိုင်းနိုင်ငံကျယ်၍
မှူးကောင်းမတ်ကောင်း၊ ဆင်မြင်း၊ ဗိုလ်ပါများသည်မှန်၏။ ယခုသားတော်ဘုရားတွင် မင်းညီမင်းသား မင်းမျိုးမင်းမှူးမတ်သူရဲသူခက်တို့ကို မသိမ်
းမဆည်း၊ မပေးမကမ်း၊ နည်းအောင်သာပြုလေ့ရှိတော်မူသောကြောင့် နိုင်ငံတော်တစ်ဝန်း တွင်ရှိသော တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းတ
ကာတို့သည် ရိုင်းပျ၍ အသီးအသီးခြားနားကြလေသည်။ သားတော်အငယ် ပြည် ဘုရင်သတိုးဓမ္မရာဇာလည်း နောင်တော်တို့အပြုအမူကို ကြိုက်
တော် မမူ၊ ဧရာဝတီမြစ်အနောက်ဘက်တွင်ရှိသော စကု၊ စလင်းပြည်ကြီး များကို သိမ်းယူခြားနားလေသည်။ ယခုလည်း ဦးရီးတော် တောင်ငူ
ဘုရင်ရှိသော ဆင်ကြီး၊ မြင်းကြီး၊ သမီးတော်ကို သိမ်းယူမည့်အခြင်း အရာကိုပြုသောကြောင့် ဦးရီးတော်က အကြောင်းကိုကြားလာ ရသည်””
ဟုလျှောက်ကြသည်။
မင်းရာဇာကြီးက ““သည်အတိုင်းမှန်လျှင် ကိုယ်မချိသော် အမိသားကို ထားနိုင်မည်လော”” ဟုမိန့်ကာ အရေးစကားပြီးလျှင် မည်သည်
့နေ့ရက်၌ချီလာမည်ဟု ရာဇသံတွင်မှာသည်။ ၁၅၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မင်းရာဇာကြီး၏သားတော် မဟာဥပရာဇာ မင်းခမောင်းနှင့် စိန်တ
င်စားဥက္ကာပျံတို့သည် ကူရွပ်၊ သမ္ဗာန်၊ တိုက်လှေငါးရာကျော်နှင့် သန်လျင်သို့ချီလာကာ သန်လျင်မြို့ကို တိုက်ယူပြီး မြို့တွင်းဝင်ကာ အခိုင်အမာ
နေလေသည်။ ၁၅၉၇ ခုနှစ်၊ မတ်လ၌ တောင်ငူမှတပ်ခုနစ်တပ် ဟံသာဝတီသို့ချီ၍ ကောလိယ အရပ်တွင်တပ်တည်ကာ ဟံသာဝတီကိုရံသည်။ ၁
၅၉၈ ခုနှစ် ဓညဝတီမှ မင်းရာဇာကြီးကိုယ်တိုင် ရေကြောင်းချီလာကာ ဟံသာဝတီမြို့၏ အနောက်ဘက်မ
မဟာပညာ​ကျော်
...............................
မဟာပညာကျော် အမတ်ကြီးသည် မြောက်ဦးခေတ် မင်းဗာကြီး (သက္ကရာဇ် ၈၉၃-၉၅၁) မှ မင်းရာဇာကြီး (သက္ကရာဇ် ၉၅၅-၉၇၄) တိုင်အောင် မင်းခြောက်ဆက်မျှ မင်းတိုင်ပင် အမတ်ကြီးအဖြစ် ထင်ရှားကျော်စော ခဲ့သူဖြစ်သည်။ ထိုအမတ်ကြီးကား အခြားတရားသူကြီးတို့ မှန်ကန်အောင် မဆုံးဖြတ်နိုင်သည့် အမှုအခင်း များကို တရားမျှတစွာ ဖော်ထုတ်နိုင်စွမ်းရှိသည်။ တိုင်းရေး ပြည်ရေး စစ်မက်ရေးမှစ၍ မင်းရေးအဖြာဖြာကို အမတ်ကြီး လျှောက်ထားချက်အတိုင်းသာ ဘုရင်မင်းမြတ်က ဆောင်ရွက်ရသည်။ အမတ်ကြီး၏ လျှောက်ထုံး များမှာ မြန်မာစာပေတွင် လွန်စွာအရေးပါသော ကျမ်းဖြစ်၍ သီးသန့်ထုတ်ဝေပြီးဖြစ်သည်။ မဟာပညာကျော် ဖြတ်ထုံးမှာ ဘားနတ် (အမျိုးသားစာကြည့်တိုက်) ပေမူတွင် အခန်း(၄၀) ပါရှိသည်။ "ဓည၀တီ အရေးတော် ပုံကျမ်း" ဟူသည်မှာလည်း အများအားဖြင့် မဟာပညာကျော်၏ လျှောက်ထုံးများကို အခြေခံ၍ ရေးသားဖော် ပြသော ကျမ်းဖြစ်သည်။ မဟာပညာကျော်၏ မွေးဖွားသက္ကရာဇ်ကို တိကျစွာမသိရသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သက္ကရာဇ် (၈၉၃)နှစ် မင်းဗာကြီးနန်းတက်တော်မူသောအခါ "ကောင်းထင်ကျော်စား" အမတ်အဖြစ် အမှုတော်ထမ်းရွက်နေပြီ ဖြစ်သည်။ သို့ရာတွင် ထင်ပေါ်ကျော်ကြားခြင်းကား မရှိသေးချေ။ မင်းဗာကြီး နန်းတက်ပြီးနောက် အိန္ဒိယပြည်သို့ ချီတော်မူကြံသည်။
ထိုအခါ အမတ်ကြီး လျှောက်ထားသည်များကို ကောင်းစွာစီရင်ပြီးနောက် အိန္ဒိယပြည်သို့ ချီတက်တော်မူ သည်။ သက္ကရာဇ်ကား (၈၉၄)ခု တန်ဆောင်မုန်းလဆန်း (၉)ရက်နေ့ ဖြစ်သည်။ ထိုသို့ ချီတက်ရာတွင် ဘုရင် ၏စီးတော်ဆင် "ဇီဝစိုး"  လည်းတိုက်ဆင် ခုနစ်ရာရံ၍ ပါဝင်သည်။ စီးတော်ဆင် ဇီဝစိုးသည် လမ်းခရီး၌ က ညင်သစ်တစ်ပင်ကို မာန်ဝင်၍ ထိုးလေရာ ကညင်ပင်သည် အမြစ်ကလဲကြောင်းနှင့် ဆင်ကဲတို့လျှောက် လာသည်။ မိုဃ်းစဲကျွန်း သူကြီးလှအောင်ကလည်း ငါးကျွဲတစ်ကောင် ဆက်လှာသည်။ ထိုအတိတ်နိမိတ် နှစ် ခုကို အမတ်ပညာရှိ ၀ိမလ (မဟာပညာကျော်)က ရုတ်ခြည်းကောက်ကာ လျှောက်သည်မှာ...
" ကာလာဝက၊ ဂင်္ဂေယျနှင့်၊ ပဏ္ဍရခေါ်၊ ပေါက်ကျော်တမ္ဗ၊ ၀ိင်္ဂလဟု၊စသည်ကျော်တိုး၊ ဆယ်ဆယ်မျိုးထက်၊ တန်ခိုးအလွန်၊ ဆဒ္ဒန်ပြောင်မြတ်၊ ပတ်ရက်ညီစွာ၊ လက္လဏါကား၊ သန္တာစွယ်ရောင်၊ အာပေါင်စွေးစွေး၊ ဖွေး ဖွေးဖြူစင်၊ ငွေသွင်အလား၊ စွယ်ဖျားအညီ၊ လက်ယာချီ၏၊ နာရီနှစ်ဖက်၊ နားရွက်နားနု၊ မစူမညွတ်၊ သရ ပတ် သို့၊ မပြတ်မစောက်၊ နောက်ရှေ့ဦးကင်း၊ မစင်းမတုံ၊ ကိုယ်လုံးကျော့ရှင်း၊ ရေဆင်းညှာတင်၊ လေးခွင်စက်ဝန်း၊ မချန်မပူ၊ ရှစ်ခူအစွန်း၊ လ၀န်းသဏ္ဍါန်၊ မင်းရှေ့ခံငို၊ အသံသွန်နည်း၊ ရေကြည်းနှစ်သွယ်၊ ညာဘက်မရွေး၊ အ ပြေးအသွား၊ နဂါးဦးချီ၊ ရာသီသုံးမည်၊ ငါးတည်သုံးကျက်၊ မုန်သက်မကြူး၊ ထိပ်ဦးလည်တိုင်၊ ကြံ့ခိုင် စွမ်းသန်၊ ရဲမာန်တည်းတည်း၊ ခြေသည်းနေချက်၊ ကျောက်မျက်နီလာ၊ အမာမခြား၊ နှာမောင်းဖျားတွင်၊ ပတ္တ မြားရိပ်၊ အရောင်ဘိတ်သို့၊ အအိပ်သုံးထွေ၊ အနေလေးပါး၊ အစားသုံးချက်၊ အကွက်မသန်း၊ တောင်ကျွန်းဇမ္ဗူ၊ ဆင်ဟူ သမျှ၊ မာနအပြိုင်၊ ဦးဆိုင်မတန့်၊ ကြောက်လန့်ရှောင်ပြေး၊ မြသွေးနှာချပ်၊ ပြီးစပ်ရာဟု၊ စက္ခုတော်မြဲ၊ ပုလဲ အာနီ၊ စုံညီမယွမ်း၊ ဆင်များမင်းကား၊ နေ့ချင်းမလောက်၊ ခြောက်ဆယ်ခန့်ကွာ၊ ယူဇနာကို၊ မကြာလျင် မြန်၊ နေ့ချင်းပြန်သည်၊ ဆဒ္ဒန်ပေါက်ပြောင် ယဉ်ကျော်၊ ဆင်တော်မြတ်မျိုး၊ ဇီဝစိုးလျင်၊ အောင်မင်္ဂလာ၊ မကြာ ကွန့် မြူး၊ တပ်တော်ဦးတွင်၊ ကညင်သစ်ကြီး၊ ကျိုင်းထီးတမျှ၊ ပမာဏကို၊ ငင်ချထိုးလှဲ၊ ခြိမ့်သဲပဲ့တင်၊ ရှင်ခွင်တုန် ရိုက်၊ တိုက်စက္က၀ါ၊ နှံစွာကြောက်မင်း၊ မာန်သွင်းအလို၊ ထိုကုလားပြည်၊ မတည်ထွားညက်၊ ပျက်စည်မလွဲ၊ ငါး ကျွဲဆက်လှာ၊ ဘင်္ဂါဆယ့်နှစ်၊ ပုဆစ်ညွန့်ထုပ်၊ လက်အုပ်ရှက်မြှောက်၊ ရွှေစက်အောက်သို့၊ ပို့ရောက်လာပြီ၊ ဒီ လီပဆာ၊ ဇာတာနွမ်းညှိုး၊ ခိုကိုးမည်ချည်း၊ အလဲလှည်း၍၊ ကပ်ဆည်းဝင်းလာ၊ ရတနာတွေ၊ မိဃ်းသို့ရွေ့မျှ၊ ကြက်သရေစုံ၊ ရွေဘုံရိပ်ဖွား ၊ကုလားမင်းသွေး၊ ဆင်းငြိမ်းလေးကို၊ အရေးတော်တန်၊ ဆက်မည်မှန်သည် လျင် မြန်ပြီးစီး ဘုန်းနေမီး"... ဟူ၏။
ဘုရင်မင်းဗာကြီးလည်း ဆင်ကောင်း ဆင်မြတ်တို့၏ လက္ခဏါနှင့် အထူးနှစ်သက်ကျေနပ်၍ စစ်တကောင်း မြို့သည် ရှေးဘီတော် ဘိုးတော်လက်ထက် အမတ်ဝိမလတို့ အမျိုး စားရိုးဖြစ်သည်ဟုဆိုကာ ၀ိမလအမတ် အား စစ်တကောင်းမြို့ကို မြို့စားပေးတော်မူသည်။ ဤသို့လျှင် ၀ိမလသည် စစ်တကောင်းစားအမည်ဖြင့် နေ့ချင်းကျော်စောထင်ရှားခြင်းသို့ ရောက်လာခဲ့လေသည်။ ဘုရင်မင်းတရားကြီး၏ အနားတွင် အမြဲတစေ ခစားထမ်းရွက်ကာ "မဟာပညာကျော်" ဟူသော ဂုဏ်ထူးဘွဲ့ထူးဖြင့် ဘုရင့်အတိုင်ပင်တော်ခံရသည်။
သက္ကရာဇ် (၉၀၈) ခုနှစ်တွင် ဟံသာဝတီဘုရင် မင်းတရား ရွှေထီးသည် ဓည၀တီရခိုင်ဲပည်ကြီးကို လုပ်ကြံရန် ချီလာ၍ လောင်းကြက်မြို့ဟောင်းတွင် တပ်ချလာသည်။ ၄င်းနောက် မြောက်ဦးမြို့ကို တိုက်လေရာ ကြိုတင်စီစဉ်ထားသော မင်းဗာဘုရင်၏ အစီအမံကြောင့် အသေအပျောက်များလှ၍ ဆုတ်ခွာခဲ့ပြီး ယောက်ဖ တော်ကျော်ထင်နော်ရထာ အပြန်တွင် မဟာပညာကျော် အမတ်ကြီးကို ထည့်လိုက်၍ သံတမန်နည်းဖြင့် ဖြေ ရှင်းစေလေသည်။
မင်းတရား ရွှေထီးထံရောက်လျှင် ပြည့်ရှင်မင်းတို့ ထိန်းသိမ်းစောင့်ရှောက်အပ်သော တရားဓမ္မကို ပြသ လျှောက်ထားလေရာ မင်းတရားရွှေထီးလည်း လွန်စွာပင် သဘောကျ နှစ်ခြိုက်တော်မူ၍ မဟာပညာကျော် ကို ရွှေအသပြာတစ်ရာ၊ ငွေအသပြာတစ်ရာ ဆုပေးတော်မူသည်။ ၄င်းနောက် ဟံသာဝတီသို့ ပြန်တော်မူ သည်။ ဤကား သတ္တ၀ါများ သေကြေပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သည့် မဟာပညာကျော်၏ သံတမန်စွမ်းပ ကားပင်ဖြစ်သည်။
သက္ကရာဇ် (၉၁၅)ခုနှစ်၊ နန်းတက်သော မင်းတိက္ခာလက်ထက် သက္ကရာဇ် (၉၁၈)ခုနှစ် နန်းတက်သော မင်း စောလှလက်ထက်၊ သက္ကရာဇ် (၉၂၆)ခုနှစ် နန်းတက်သော စကြာဝတေးလက်ထက်တို့တွင်လည်း မဟာပ ညာကျော်သည် ဘုရင့်အတိုင်ပင်ခံ ဘ၀နှင့်ပင် စားမြဲမပြတ် ခံစားခွင့်ရရှိခဲ့သည်။
သက္ကရာဇ် (၉၃၃)ခုနှစ် မင်းဗာကြီးသားအထွေး မင်းဖလောင်းလက်ထက်တွင် မဟာပညာကျော်သည် အထူး ကိုးစား ယုံကြည်ခြင်းကို ခ့ခဲ့ရသည်။ မဟာပညာကျော် လျှောက်ထုံးဟူသော ကျမ်းစာမှာ ဤမင်းလက်ထက် တွင် ဖြစ်ပွားခဲ့သော အရေးအခင်းပြဿနာများကို ဖြေရှင်းလင်း ပေါ်ပေါက်လာအောင် လျှောက်ထုံး၊ ဖြတ် ထုံးပင်ဖြစ်သည်။
ငွေထွေးခံ၊ ရွှေကွမ်းချပ်၊ ပတ္တမြားလက်စွပ်၊ စီးတော်ဆင် စသည်ဖြင့် ပြဿနာ တစ်ရပ်ရပ်ကို ဖြေရှင်းရတိုင်း ဘုရင်မင်းကြီးထံမှ ဆုတော်လာဘ်တော်များ ချီးမြှင့်ခံရမြဲဖြစ်သည်။
အထူးသဖြင့် မင်းနေပြည်တော် မြောက်ဦးသည် မြို့သက်ကုန်ပြီးဖြစ်သောကြောင့် ဓည၀တီမြို့ဟောင်းကို တည်တော်မူသင့်ကြောင်း ဟူးရားဖြူ၊ ဟူးရားညိုတို့က လျှောက်ထားသည်ကို မဟာပညာကျော်က မပြောင်း သင့်ကြောင်း၊ လောကီ လာကုတ္တရာ နှစ်ဖြာသောသောအကျိုးကိုရှု၍ "ရမ်းဗြဲငယ်" စားကျေးမြို့တစ်မြို့ ထပ် မံ၍ပေးမြဲအတိုင်း ချီးမြှင့်သည်။ မဟာပညာကျော်၏သား ကျီးညိုကိုလည်း ရောင်ဖြူမြို့ကိုစားစေ၍ ဆွေစပ် မျိုးဆက် ချီးမြှင့်မြှောက်စား မွေးမြူခြင်းခံရသည်။
သက္ကရာဇ် (၉၅၉) ခုနှစ်တွင် တော်ငူဘုရင် မင်းရဲကျော်ထင်က ဓည၀တီကို ကူညီတိုက်ပေးပါက ဟံသာဝတီ ကို ပေးပါမည်ဟု စစ်ကူတောင်းသဖြင့် သားတော်အိမ်ရှေ့မင်း မင်းခမောင်းနှင့်အတူ မဟာပညာကျော် ကိုယ်တိုင် ဟံသာဝတီသို့ စစ်ထွက်ခဲ့ရလေသည်။
သက္ကရာဇ် (၉၆၀)ပြည့်တွင် မင်းရာဇာကြီးသည် မဟာပညာကျော် အမတ်ကြီးနှင့်တကွ ကိုယ်တော်တိုင် ချီတက်၍ ပဲခူးအနောက်ဘက် ဟံသာဝတီ ဇိုင်းဂနိုင်းတွင် တပ်ချကာ ပခူးကိုဝိုင်းရံလေသည်။ ဟံသာဝတီ တိုင်း အောင်နိုင်ပြီးနောက် မင်းရာဇာကြီးလည်း ယိုးဒယားကို ဆက်လက်တိုက်ခိုက်ရာ ယိုးဒယားမင်း ဗျာသ မွန်ကို ဖမ်းမိ၍ ယိုးဒယားမင်းက လက်ဆောင်ဖြင့် ပြန်၍တောင်းယူစေသည်။ တောင်ငူမင်းလည်း ကတိအ တိုင်း ပဲခူးနန္ဒဘုရင်၏ သမီးတော်နှင့် ဆင်ဖြူ လက်နက်များဆက်လေသည်။
မင်းရာဇာကြီးလည်း တောင်ငူမင်းဆက်သသော လက်ဆောင်ပဏ္ဍာနှင့်တကွ သက္ကရာဇ် (၉၆၁)ခုတွင် ရခိုင် သို့ ပြန်ခဲ့ရာ လမ်းခရီးအကြား ပုသိမ်အနီး မော်တင်စွန်း အရောက်တွင် အသက်အရွယ် ကြီးရင့်ပြီးဖြစ်၍ ခရီး ပန်းကာ မဟာပညာကျော် ကွန်လွန်သည်။ မင်းရာဇာကြီးလည်း မဟာပညာကျော်အား ကောင်းမွန်စွာ သဂြိင်္ုဟ်၍ ဂူသင်္ချိုင်းပေါ်တွင် စေတီတည်ထားခဲ့ရာ ယခုတိုင် မော်တင်စေတီဟု ခေါ်ဝေါ်လျက်ရှိကုန်၏။
မဟာပညာကျော် ကွယ်လွန်သော် ၄င်း၏သား ကျီးညိုကို အဖနည်းတူ စစ်တကောင်းမြို့ကိုစားစေ၍ "ပညာ ၀ံသ" အမည်ဖြင့် အမတ်ကြီးအရာကို ထမ်းရွက်စေသည်။ မင်းရာဇာကြီး၏သား မင်းခမောင်း( သက္ကရာဇ် ၉၇၄-၉၈၄) လက်ထက်နှင့် ၄င်း၏သား သီရိသုဓမ္မရာဇာမင်း (သက္ကရာဇ် ၉၈၄-၁၀၀၀) လက်ထက်တို့တွင် မဟာပညာကျော်၏မြေး ၊ပညာဝံသ၏သား င/လက်ရုံးသည် ပညာရှိအဖြစ်ထင်ရှား ခဲ့ပြန်သည်။ သိုက်တက် င/လက်ရုံးအဖြစ် ထင်ရှားခဲ့သည်။ သီရိသုဓမ္မရာဇာ ဘုရင်သည် ပညာရှိ င/လက်ရုံးလျှောက်ထားချက်ကို မ နာယူဘဲ ဂရုမပြုလေသောကြောင့် င/ကုသလအမတ်ကြိးနှင့် နတ်သျှင်မယ်မိဖုရားတို့၏ လောကီအတတ် ပညာဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပေသည်။ ဤတွင် သာကီဝင်မင်းဆက်ပြတ်၍ အမတ်မျိုး မင်းဆက် သစ် ပေါ်ပေါက်ခဲ့သည်။
ဤသို့လျှင် အမတ်ကြီး မဟာပညာကျော်နှင့် သား၊ မြေးတို့သည် ပညာရျိ အမတ်မျိုးအဖြစ် ရခိုင်ရာဇာဝင်၌ ထူးချွန်စွာ အမှုထမ်းခဲ့ကြပေသည်။
နောက်ထပ်တွေ့ရှိရသော အထောက်အထားများအရ မဟာပညာကျော်သည် လျှောက်ထုံး လင်္ကာများသာ မက ရခိုင်တိုင်းရင်းသားတို့၏ ဆယ့်နှစ်လရာသီ ဧကပိုဒ်ရတုကိုလည်း ဖွဲ့ခဲ့ကြောင်း ပေမူတွင် တွေ့ရှိရပေ သည်။
မဟာပညာကျော်သည် ၄င်း၏ တစ်ဆယ့်နှစ်လ ရာသီဘွဲ့တွင် အထက်ဝဠာ၌ နေ၊ လ၊ နက္ခတ်တာရာတို့ လှည့်ပတ်နေပုံ၊ ဥတု၊ ရာသီ၊ လ၊ ရက်၊ နာရီ၊ တ၀ဲလည်လည်ဖြစ်နေပုံ၊ ဤရာသီကိုမှီ၍ သစ်ပင်ပန်းမာန်တို့ ဖူးပွင့်ကြပုံ၊ သက်ရှိသတ္တ၀ါ ကျေးငှက်တို့ ပျော်မြူးကြပုံတို့ကို ရာသီအလိုက် ဖွဲ့နွဲ့ထားပေသည်။ ရခိုင်ရိုးရာ သုတေသီတို့အဖို့ အဖိုးထိုက်တန်လှပေသည်။
တစ်ဆယ့်နှလရာသီဘွဲ့
ညွန့်လန်းမင်္ဂလာ၊ မော်ခမ်းဖြာစိမ့်၊ မဟာကပွေ၊ မီးရေလေကြောင့်၊ ဖျက်ရေတည်ထွန်း၊ လေးကွန်းမြင့်မိုရ်၊ ယုဂ္ဂါန်ထိုနှင့် ရေညိုသီတာ၊ တာရာနက္ခတ်၊ အချိန်မနှောင်း။
တန်းခူးမာသိန်၊ ဖန့်ချိန်ခြိမ်းစ၊ ကြယ်ဖုသျှတိ၊ မိဿရာသီ၊ နှစ်ယံချီသော်၊ သင့်ညီစိတ်ကြ၊ ဆိတ်မြူးကလျက်၊ တာရဆံကျင်၊ သဇင်ရေသွန်း၊ ကံ့ကော်ပန်းနှင့်၊ ထူးဆန်းရင့်ခတ်၊ သူရိန်နတ်လည်း၊ မိန်းမတ်ရိပ်သွား၊ သုံးဖ ၀ါးဟု၊ ပိုင်းခြားလှည့်က၊ နေ့ညနာရီ၊ သုံးဆယ်စီတည်း။
ရာသီပြိဿ၊ ကဆုန်လ၀ယ်၊ မာဃနေငြိန်၊ ကျော်ရှိန်သဲသဲ၊ ညောင်ရေပွဲဟာ ပွင့်မြဲစံကား၊ နှစ်ဖ၀ါးတိ၊ နွား လားဥဿဖ၊ တံဌနရာ၊ သန်းခေါင်မှာတွင်၊ သိဿာခါညီ၊ ညဥ့်နာရီထိ၊ ထာဝိသာဖွယ်၊ သုံးဆယ်နှစ်ကွ့၊ နာရီ စေ့က။
မြူငွေံမှုန်မှုန်၊ လနံယုန်ဝယ်၊ မေထုံရာသီ၊ ကိန္နရီဖိုမ၊ ဇေဌသံကြိန်း၊ သူရိန်စစ၊ ဥတ္တရ ဘရရုံဏီ၊ ညဥ့်နာရီတိ၊ ဆ၀ိသတိ၊ ဇောတြိနေး၊ ပန်းမြတ်လေးနှင့်၊ ငွေသွေးစမ္ပယ်၊ ကြယ်ဖွေစံပေး၊ ကေးဝဋ်တာရာ၊ ဧကာဖ၀ါး၊ တပြန်ထားရှင့်။
ဝါဆိုကရကတ်၊ နေခြည်ပြတ်က၊ စိတ်တြနှင့်၊ ဒေ၀နတ်စက်၊ ပုန်းညက်ပွဲ့မြဲ၊ ပဉ္စင်းပွဲလျင်၊ သဲသဲသိမ့်အောင်၊ သန်ခေါင်ချိန်မှန်၊ ပြပ္ပာသံနှင့်၊ ဆဒ္ဒါန်တာရာ၊ ရုပ်ဝါထူးချွန်၊ လတ်ပုဇွန်ဟု၊ ရိပ်မွန်ပဖါး၊ သုန်ညတွက်ကြုံ၊ နာရီဆုန်ရှင်၊ နေ့သုံးခေါက်ဆယ်၊ ညရောက်ဇောပီ၊ ရင့်ကျူးချီ၏။
ရာသီထိန်ဆောင်၊ ၀ါခေါင်လ၀ယ်၊ ဖန်ရောင်ငြိမ်းလာ၊ ၀ိဿခါနှင့်၊ ခတ္တာပန်းလှိုင်၊ သန်းခေါင်တိုင်က၊ မြင်း တာရာနှင့်၊ ထွန်းပသာရ၀ံ၊ ရုပ်မွန်ခြင်သေး၊ စာရေးတံပွဲ၊ နှစ်ဆယ့်ခြောက်ည၊ ဇရတြိ၊ နေ့ကိန်းနာရီ၊ ကံညီဖ ၀ါး၊ တပြန်ထားရှင့်။
မှတ်သားမြဲသွင်း၊ တော်သလင်းဝယ်၊ နေမင်းဝင်က၊ မူလနက္ခတ်၊ ရုံးမှတ်ဒေ၀၊ နတ်မိမ္ဓတိ၊ မွေးပျရမာ၊ သန်း ခေါင်ခါကို၊ ပြုပ္ပာပရပိုက်၊ ရေနှိုက်သဘင်၊ လှေပွဲဆင်၍၊ မွန်ဖျင်ငြိမ်လစ်၊ သုံးဆယ့်နှစ်တိ၊ နေ့ဖြစ်နာရီ၊ ညဥ့် ထာဝီတိ၊ ရာသီကံမှ၊ တာရဦးပျိုင်း၊ ရိပ်တိုင်းဖ၀ါး၊ ဒေဟုလားရှင့်။
စည်းလျားမချွတ်၊ လ၀ါကျွတ်မူ၊ တူရာသီလ၊ နေ့နှင့်ညကို၊ တွက်ဆနာရီ သုံးဆယ်စီတိ၊ သုံရ၀ီဂေါယာ၊ လှည့် ကာကွယ်လွန်၊ သရ၀န်ဟု၊ မိုးဃ်စွန်ပြောင်လျက်၊ ညဥ့်နှစ်ချက်ကို၊ ရှည်လျက်ထွန်းပ၊ ကှိတကနှင့်၊ အဿဝနီ၊ တရီဖ၀ါး၊ ငါးပါးကြာပန်း၊ ထူးဆန်းချိန်ခွင်၊ နတ်လျင်ကိုင်ဟန်၊ သဏ္ဍာန်ရုပ်ကျော့၊ ကံတော့ပွဲကြီး၊ ဆီမီးမြင့် မိုရ်ရောင်၊ တိုင်းလုံးပြောင်မျှ။
တန်ဆောင်မုန်းချီ၊ ရာသီပြိစ္ဆ၊ ဇရဖ၀ါး၊ ပျော်ပါးမြူးကွန်၊ ကင်းပုဇွန်ဟု၊ ပွဲမွန်ကထိန်၊ မာရဇိန်ကို၊ ကောင်း ငြိမ်းလှူဒါန်း၊ ခ၀ဲပန်းဟု၊ ညဥ့်သန်းယံမှာ ကြတ္ထတ၊ ငြိမ်းစနေခြည်၊ တည်သည်နက္ခတ်၊ သတ္တဗီသျှ၊ ချင်းမြညဥ့် ရီ၊ ပါတီတြိ၊ ထာဝီမှန်သော်၊ နေ့ကိန်းခေါ်၏။
နတ်တော်မှန်လှ၊ ဟင်းသတာရာ၊ မဟာပိန်းနဲ၊ ဆွဲရထားငင်၊ ကမုံးအင်နှင့်၊ သဇင်ပျံ့သင်း၊ မန္ဓာန်မင်းတိုင်၊ ပျော်ခင်းအန၊ နတ်နန်းလှ၏၊ ပဉ္စငါးခု၊ ဖ၀ါးစု၍၊ ဓနူရာသီ၊ သန်ခေါင်ရီက၊ မိက္ကသီမည်၊ ရောင်ခြည်ရ၀ိန်၊ ဖန် ရှိန်ကါယ်က၊ ဥက္ကရာပရပိုက်၊ မွန်းဆိုက်တည့်တုန်း၊ ဆယ့်သုံးနှစ်လီ၊ နေ့နာရီကို၊ ညပြီတွက်ရေး၊ သုံးဆယ့် လေးတိ။
စဥ့်ရှေးပြောဆို၊ လပြည်သိုဝယ်၊ ခွာညိုနွယ်ပန်း၊ မကန်းရုပ်လှ၊ မကာရတိ၊ ဖုသျှသန်ခေါင်၊ နေရောင် ပျောက် ပြီ၊ ဘရနီဟု၊ နာရီထွက်ဖွဲ့၊ သုံးဆယ့်ခြောက်ည၊ ဇံရနွေးနေ့၊ ဘ၀ါနေ့ ပျောက်ပြန်၊ ပုဇွန်တာရာ၊ ရောင် မြလျှံ လင်း၊ နေလျှံကင်းက၊ မြင်းခင်းသဘင်၊ စီရင်ခန့်မြဲ။
တပို့တွဲဝယ်၊ ပေါက်လေဆူးပန်း၊ ညဥ့်သန်းချိန်က၊ ကြယ်မာဃနှင့်၊ တာရချိန်စင်း၊ နေမင်းဝင်ရီ၊ ရောဟနီတိ၊ နာရီတိဝ၊ ဆနွေးချမှ၊ ဇရကြိန်း၊ နေ့ကိန်းနာရီ၊ ကုံရာသီဟု၊ လှူကောင်းမှုဖြင့်၊ ရာကုမီးဖုံး၊ တိုင်းလုံးလျှံဖြိုး၊ ကြာသွတ်အိုးနှင့်၊ ကြာမျိုးစိုက်ထ၊ ပဉ္စဖ၀ါး၊ ယူသွားဆောင်းယောင်း၊ လတပေါင်းဝယ်၊ ချိန်မောင်းရိုက်ချီး၊ နစ် ယံတီးက၊ ချိန်တုလနှင့်၊ ဥတ္တရ တရဘူနိ၊ ညနာရီဟု၊ နာရီတွက်စစ်၊ နှစ်ဆယ့်ရှစ်ကို၊ နေ့ဖြစ်မှန်လှ၊ ဒွေးတိ ညတိ၊ ဇရာဘ၀ါး၊ ရုပ်ထားမလွှတ်၊ ငါးခြင်းပွတ်ဟု၊ ပွင့်ဝတ်သရဖီ၊ အညီအင်းကြင်း၊ နေလျှံလင်းက ၊ကဿဒ တိ၊ များလှအညီ၊ သဲစေတီကို၊ မြောက်ချီရွှင်ပျ၊ လှူဒါန်းကြရှင့်။
စာကိုး-*တက်ထွန်းနီ(မြောက်ဦး) "ရက္ခိုင်ရာသီလိုက် နက္ခတ်"၊ ရခိုင်တွဲ-၄၊စာ-၁၀၉။
ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)
ရခိုင်စာဆိုတော်များ စာအုပ်မှ ကူးယူဖော်ပြသည်
Powered by Blogger.